Local News

မကွေးကုန်စည်ဒိုင်တွင်တစ်ပါတ်အတွင်းနှမ်းမျိုးစုံစျေးငြိမ်ပြီးနှမ်းညိုကြားစျေး သိသိသာသာစျေးတက်

Last Updated:

မကွေးကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းမျိုးစုံစျေးငြိမ်ပြီး နှမ်းညိုကြားစျေး သိသိသာသာစျေးတက်

             မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ တစ်ပတ်အတွင်းကာလတူ         ( ၁၄.၇.၂၀၂၂ )ရက်နေ့နှင့်နှိုင်းယှဉ်ပါက နှမ်းမျိုးစုံစျေးပြောင်းလဲမှုမရှိဘဲ နှမ်းညိုကြားတစ်မျိုးသာ အရည်အသွေးနှင့်ဝယ်လိုအားကြောင့် သိသိသာသာစျေးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ နှမ်းညိုကြား( ၄၅ )ပိဿာ(၁)အိတ် လျှင်ယခင်နေ့တွင်(၁၆၅၀ဝဝ)ကျပ်စျေး၊ယနေ့ ( ၁၈၅၀ဝဝ )ကျပ်စျေးဖြစ်သည့်အတွက်( ၂၀၀ဝဝ )ကျပ်စျေးတက်ကာ ကျန်နှမ်းမျိုးစုံ တို့စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျှက် ကြောင်းသိရှိရပါ သည်။

                                                                                                                                                                    ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News